Friday, December 21, 2012

My computer အတွင်းက Drive တွေကိုဖွင့်မရလျှင်


တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့စက်မှာ ဗိုင်းရပ်စ်တွေဘာတွေ ၀င်သွားလို့ အဲဒီဗိုင်းရပ်စ်ကို သတ်ပြီးတာတောင် ဟိုဖိုင်ဖွင့်မရ ဒီဖိုင်ဖွင့်မရနဲ့ ဖြစ်ကျန်ခဲ့ပါတယ်၊ ဒီနည်းလေးကတော့ My computer အတွင်းက Drive တွေကို Double Click ပေးပြီးဖွင့်တိုင်း Open with ဆိုပြီးအောက်ကပုံအတိုင်း လာပေါ်နေတာကို ဖြေရှင်းနည်းလေးပါ၊















1. My computer > Tools > Folder options ထဲကိုသွားပြီး View tab အတွင်းက Show hidden files and folders ကို check ပေးပြီး OK နှိပ်ခဲ့ပါ၊
2. My computer အတွင်း Drive တစ်ခုခုအပေါ်မှာ Right click ပေး၍ Explore နှိပ်ပါ၊
3. အောက်ကပုံအတိုင်း Drive အတွင်းမှာ ဗိုင်းရပ်စ် ကြောင့်ကျန်နေခဲ့တဲ့ autorun.inf ဆိုတဲ့ ဖိုင်လေးကို 
Shift + Delete နှင့် ဖျက်ပြစ်ပြီး စက်ကို Restart ချပါ။

iphone ထဲက phone number တွေကို sim card သို့ကူးနည်း


iphone သုံးသူတွေ တော်တော်များများ မေးမေးနေကြတဲ့ iphone ထဲက phone number တွေကို
sim card အတွင်းသို့ ကော်ပီ လုပ်လို့ရတဲ့ ပရိုဂရမ်ကို တွေ့လို့ install လုပ်ပုံလုပ်နည်း နှင့်တကွ
အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။


























































































































































































































































By Mister X

windows နှစ်ခုထပ်ပြီးတင်မိလျှင် Boot.ini ဖိုင်အား ပြန်ပြင်နည်း









ဒီပြဿနာကတော့ ကျွန်တော်တို့ ၀င်းဒိုးကို ၀င်လိုက်တာနှင့် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း 
Microsoft Windows XP Professional
Microsoft Windows XP Professional Setup
ဆိုပြီးပေါ်လာပါတယ် အဲဒီမှာ System တစ်ခုကို ရွေးပြီ Enter ခေါက်မှ ၀င်းဒိုး ၀င်လို့ရပါတယ်၊
ဒီလိုမျိုးဖြစ်တာ အများအားဖြင့် ၀င်းဒိုး နှစ်ခုထပ်ပြီးတင်မိတဲ့အခါဖြစ်တတ်ပြီး တခြားပြဿနာတွေ ကြောင့်လည်းဖြစ်တတ်ပါတယ်၊


ဖြေရှင်းနည်းကတော့ ..........
1.My computer ကို Right click ထောက်ပြီး Properties ကိုရွေးပါ၊
2.Advanced ကိုနှိပ်ပြီး Startup and Recovery အောက်က Settings ကိုနှိပ်ပါ၊
3.Startup and Recovery ပွင့်လာလျှင် System startup ကိုစစ်ဆေးကြည့်ပါ အဲဒီမှာ   စာကြောင်းနှစ်ကြောင်းဖြစ်နေပါလိမ့်မည်၊ ပုံမှန်အားဖြင့် တစ်ကြောင်းပဲရှိပါတယ်၊
  Edit ကိုနှိပ်ပါ(Boot.ini ဖိုင်ကိုပြင်ဆင်ရန်အတွက်)

















4.Boot.ini ဖိုင် Notepad နှင့်ပွင့်လာလျှင် အောက်ကပုံအတိုင်း အ၀ါရောင် စာကြောင်းကို copy ကူးပြီး    အစိမ်းရောင် စာကြောင်းမှာ အစားထိုးလိုက်ပါ ပြီးတော့ အနီရောင် စာကြောင်းကိုတော့ Delete    လုပ်လိုက်ပါ၊











5.အောက်ကပုံအတိုင်း ဖြစ်နေရပါမယ် ပြီးလျှင် အဲဒီ Notepad ကို Save လုပ်ပြီး ပိတ်လိုက်ပါ၊









6.Hidden ဖိုင်တွေကို ပြန်ဖော်ဖို့အတွက် My computer > Tools > Foldet Options > View   သို့သွားပြီး အောက်ကပုံမှာ ၀ိုင်းပြထားတဲ့ အနေထားအတိုင်းလုပ်ပါ၊

















7.My computer >Local   Disk (C:) ကိုဖွင့်ပါ၊ အဲဒီမှာ အောက်ကပုံမှာ အနီရောင်နှင့် ၀ိုင်းပြထားတဲ့   ဖိုင်တွေကိုရှာပြီး Delete လုပ်လိုက်ပါ ( တစ်ခါတလေ တစ်ချို့စက်တွေ အောက်က၀ိုင်းပြထားသလို   မဟုတ်ဘဲ Folder Name  တွေမတူတာမျိုးလည်း ရှိတတ်ပါတယ် )













အားလုံးပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ။ (အဆင်ပြေကြပါစေ

Windows7 တွင် Themes ကိုပြောင်းမရအောင် ပိတ်ထားချင်သူများအတွက်


Start > Search box သို့သွား Registry ဟုရိုက်ပါ။
ပြီးလျှင်အောက်က key အတိုင်းသွားလိုက်ပါ၊
HKEY_CURRENT_USER \ Software \ Microsoft \ Windows \ CurrentVersion \ Policies \ Explorer
Explorer သို့ရောက်လျှင် ၄င်းရဲ့ညာဘက်တွင် Right click ထောက်၍ New > DWORD (32-bit) Value
ကိုရွေးပါ၊ Value name ကို NoThemesTab ဟုပေးပြီး Value data တန်ဖိုးကိုတော့ 1 ပေးပါ၊ OK နှိပ်ပြီး
စက်ကို Restart လုပ်ပါ။


How to Lock Microsoft Word 2010


Microsoft Word 2010 ကိုတခြားသူများ ပြန်ပြင်လို့မရအောင် Password ပေးပြီး သော့ခတ်တဲ့နည်းလေးပါ။

How to disable Autoplay in windows 7


Window 7 တွင် Autorun ဗိုင်းရပ်စ်များ  မ၀င်ရောက်ခင် ကာကွယ်ဖို့အတွက် Autoplay ကိုပိတ်တဲ့နည်းလေးပါ၊
နည်းလမ်း (၁)

Start > Control Panel > AutoPlay ကိုဖွင့်ပါ၊





Start > Control Panel > AutoPlay ကိုဖွင့်ပါ၊
ပြီးလျှင် Use AutoPlay for all media and devices တွင် အမှတ်ချက်လေးကို ဖြုတ်ပေး၍ Save ကိုနှိပ်ပါ။



နည်းလမ်း (၂)

Start > Search box > Gpedit.msc ဟုရိုက်ပြီး Enter ခေါက်ပါ၊
ပြီးလျှင် Computer Configuration -> Administrative Templates -> Windows Components -> AutoPlay Policies သို့သွားပြီး ညာဘက် အပေါ်က Turn off Autoplay ကို Double click နှိပ်ပါ၊




အဲဒီမှာ Enabled ကို ရွေးပေးပါ၊ နောက် Turn off Autoplay on ဆိုတဲ့ အောက်က All drives နှင့် CD-Rom and removable media drives တွင် All drives ကိုရွေးပေးပြီး Apply -> OK ကိုနှိပ်ပါ။

How to Delete a Blog (ဘလော့ကို Delete လုပ်နည်း)


 မိမိ ဘလော့ ကိုအရင် sign in လုပ်ပါ၊
နောက် setting ကိုနှိပ်ပါ၊






ပြီးရင် Basic ကိုနှိပ်ပြီး Delete blog ကိုနှိပ်ပါ၊





နောက်ထပ် DELETE THIS BLOG ထပ်နှိပ်ပြီးလျှင် confirm လုပ်ပေးပါ၊


အားလုံးပြီးရင်တော့ မိမိဘလော့ ပျက်သွားပါပြီ။